မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(ကြီးကြပ်) သင်တန်းဖွင့်

မိတ္ထီလာ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု (ကြီးကြပ်)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးတင်ကိုကိုက အမှာစကားပြောကြားသည်။ အဆိုပါ မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် သင်ကြားလေ့ကျင့်ရေးစာပေဌာနခွဲက ဖွင့်လှစ်သည့် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(ကြီးကြပ်) သင်တန်း အမှတ်စဉ်(၈/၂၀၂၆)ကို သင်တန်းသားသင်တန်းသူ ၁၁ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)