မြဝတီမြို့တွင်လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်လှစ်

မြဝတီ      ဖေဖော်ဝါရီ ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community Cen tre) ခန်းမတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းကို ယ​နေ့နံနက် ၁၀နာရီတွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။

ထိုသို့ဖွင့်လှစ်ရာတွင်လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်ရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခြေခံပန်းချီရေးဆွဲနည်း စနစ်များ၊ အခြေခံပန်းချီရေးဆွဲရာတွင် ခဲတံကိုင်တွယ်မှုပုံစံများ အခြေခံပုံသဏ္ဍာန်များ(စက်ဝိုင်း၊  လေးထောင့်) ကို ကျွမ်းကျင်အောင် လေ့ကျင့်နည်းနှင့်လိုက်နာမှတ်သားရမည့် အခြေခံပန်းချီရေး ဆွဲနည်းများကို မြဝတီမြို့ ပန်းချီ၊ ပန်းပုအစည်းအရုံးမှ ဦးကြည်စိုး(ပန်းချီဆရာ)၊ ဦးမင်းလွင် (ပန်းချီဆရာ)၊ ဦးသီဟန်(ပန်းချီ/ပန်းပုဆရာ)တို့က သင်ကြားပို့ချ ပေးလျှက်ရှိသည်။ အဆိုပါ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းကို ဖေဖော်ဝါရီ(၂၃)ရက်မှ (၂၇)ရက်အထိ(၅)ရက်တာ ကာလ အတွင်း နံနက် ၁၀ နာ ရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၂)ဦးတို့ တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)