တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနွေရာသီအားကစားသင်တန်းများဖွင့်ပွဲတက်ရောက်

ထားဝယ်   ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်နွေရာသီအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနနက် နာရီ က  ထားဝယ်မြို့ ရွှေဝယ် သီရိအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  တစ်မျိုးသားလုံးကျန်းမာ သန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့်အကောင်ထည်ဖော်ဆောင်ရွက် လျှက်ရှိသလို နိုင်ငံတော်ကချမှတ်ပေးထားသော အားကစားနှင့်ကာယပညာဆိုင်ရာ မူဝါဒများနှင့်အညီ အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံးလူထုလှုပ်ရှားမှုအသွင် ဖြင့်ဆောင်ရွက်လျှက်ရှိကြောင်း၊ လူငယ်လူရွယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစား အသိစိတ်ဓာတ် ပိုမိုအသက် ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသော အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲလာစေရန်၊ စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်မှု၊ အနစ်နာခံတတ်မှု၊ ရိုင်းပင်းကူညီတတ်မှုစသည့်အမူအကျင့်ကောင်းများဖြစ်ထွန်းလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်များအား အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အားကစားကို ငယ်စဉ်ကတည်းက စနစ်တကျတတ်သိနားလည်လေ့ကျင့်လာစေရန်ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးကျောင်းသား အားကစားပြိုင်ပွဲများတွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိသော အားကစားသမားများသည်နွေရာသီအခြေခံအားကစားသင်တန်းမှ ထွက်ပေါ်လာခဲ့သောကြောင့် သင်တန်းသားများအနေဖြင့် တိုင်းဒေသကြီး၏ဂုဏ်ကို ဆောင်နိုင်အောင် ကြိုးစားလေ့ကျင့် သင်ယူကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် သင်တန်းသားများကအားကစားသစ္စာအဓိဋ္ဌာန် ()ချက်ရွတ်ဆိုပြီး ကွင်းအတွင်းပြန်လည်ထွက်ခွာကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများအားကစားဝါသနာရှင်များက  မြန်မာ့သိုင်း၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ အေရိုးဗစ်အဖွဲ့များ၏ သရုပ်ပြသမှုကို ကြည့်ရှုအားပေးသည်။

နွေရာသီအားကစားသင်တန်းများတွင်  ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ကရာတေးဒို၊ ဂျူဒို၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ အေရိုးဗစ်၊ ခရစ်ကတ်၊ ဂေါက်သီးစသည့် သင်တန်းများကို မတ် ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား ၉၅၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)