လားရှိုးမြို့တွင် အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်‌မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်‌မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လားရှိုးမြို့ရှိ သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဇော်နိုင်ဦးက အမှာစကားပြောကြားပြီး အလှူရှင်မိသားစုမှ တာဝန်ရှိသူက အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်‌မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဇော်နိုင်ဦးနှင့် အလှူရှင်မိသားစုမှ တာဝန်ရှိသူများက  အသက် (၇၀) နှစ်နှင့်အထက် စုစုပေါင်းသက်ကြီးဘိုဘွား ၆၅၀ ကျော်တို့အတွက် တစ်ဦးလျှင် ပူဇော်ကန်တော့ငွေ နှစ်သောင်းကျပ်နှုန်း၊ အနွေးထည် တစ်ထည်နှုန်းနှင့် အာဟာရမုန့်များဖြင့် သက်ကြီးဘိုးဘွားများလက်ဝယ်သို့ အသီးသီးပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)