မိုင်းနောင်မြို့ နမ့်ခုံးရှမ်းများပရဟိတအသင်းရုံး ကုသိုလ်ဖြစ်ဆေးခန်းတွင် တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့မှ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ လစဉ် ပုံမှန်ဆောင်ရွက်

မိုင်းနောင် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့ နမ့်ခုံးရှမ်းများပရဟိတအသင်းရုံး ကုသိုလ်ဖြစ်ဆေးခန်းတွင် မိုင်းနောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့မှ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများကို လစဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရှေးဦးစွာ မိုင်းနောင်တပ်နယ်မှူးက ကုသိုလ်ဖြစ်ဆေးခန်းတွင် လစဉ်လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနေသော မြို့ပေါ် (၅)ရပ်ကွက်မှ သက်ကြီးအဘွားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ဂါရဝစကားပြောကြားပြီး သက်ကြီးဘိုးဘွားများအတွက် အာဟာရဓာတ်စာ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကို ပေးအပ်ထောက်ပံ့ကာ နမ့်ခုံးရှမ်းများပရဟိတအသင်းရုံး ကုသိုလ်ဖြစ်ဆေးခန်းတွင် လိုအပ်သည်များ အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်အတူ တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဝေယံစိုးနှင့် သူနာပြုဆရာမများ၊ နမ့်ခုံးရှမ်းများပရဟိတအသင်းဝင်များသည် သက်ကြီးဘိုးဘွား (၁၂၀)ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးတိုး၊ နှလုံးရောဂါများနှင့် အခြားရောဂါများရှိ/မရှိစစ်ဆေးခြင်း၊ ရောဂါဝေဒနာများခံစားရပါက လိုအပ်သည့် ကုသမှုများ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)