သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံစေတီတော်၌ ဦးထွန်းအောင်+ဒေါ်သီသီဝင်းမိသားစုက လမ်းခင်းအလှူတော်ငွေ ကျပ်သိန်း (၃၀၀၀) လှူဒါန်းပြီး လမ်းခင်းခြင်းလုပ်ငန်များ ဆက်လက်ဆောင်ရွက်

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီ၌ ဘုရားဖူးလာပြည်သူများ လွယ်ကူအဆင်ပြေချောမွေစေရန် ရည်ရွယ်၍ ဦးထွန်းအောင်+ ဒေါ်သီသီဝင်း မိသားစုက လမ်းခင်းခြင်းကုသိုလ် အလှူဒါနပြုလုပ်ခဲ့သည်။

လမ်းခင်းခြင်း ကုသိုလ်ပြုရာ၌ အလှူရှင် ဦးထွန်းအောင်+ဒေါ်သီသီဝင်း (သား) ကိုစည်ဖြိုး+မခင်လွှမ်း (မြေး) မကိန္နရီရွှေစင် (သား) ကိုပြည့်ဖြိုး + မရွှေရည်ရွှန်းလဲ့ (မြေး) မရွှန်းပြည့်သဒ္ဒါ၊ မရွှန်းပြည့်မုဒြာမိသားစုက ကျိုက္ကစံစေတီပရဝုဏ် အတွင်းပတ်လမ်းများ လမ်းခင်းခြင်း (ပထမအကြိမ်) ကုသိုလ်အလှူငွေ ကျပ်သိန်း ၉၀၀ ပထမအကြိမ် လှူဒါန်းခြင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့၌လည်းကောင်း၊ ဒုတိယအကြိမ် လှူဒါန်းခြင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျပ်သိန်း ၂၁၀၀ စုစုပေါင်းကျပ်သိန်း (၃၀၀၀) အား လှူဒါန်းခဲ့သည်။

အဆိုပါလမ်းခင်းခြင်းလုပ်ငန်အား စေတီတော်ဂေါပကအဖွဲ့က ကြီးကြပ်၍အလှူရှင်မှ လမ်းခင်းဆောင်ရွက်သူထံ ဆောင်ရွက်စေကြောင်း ယခုအခါ လမ်းခင်းခြင်းလုပ်ငန်းသည် ရတနာလမ်းစေတီတော်အဝင် မုခ်ဝလက်ယာဘက်အခြမ်းမှစတင်ကာ ဓမ္မာရုံရှေ့ထိ ခင်းကျင်းပြီးစီးနေပြီး ဆက်လက်ခင်းကျင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ဇော်မိုး