ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5၊ Grade-9 ကျောင်းသား/သူများစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာအထက်တန်းကျောင်းများတွင် ဖြေဆိုလျက်ရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် စတင်ဖြေဆိုသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5၊ Grade-9 ကျောင်းသား/သူများ အဆင်ပြေစွာ ဖြေဆိုနေမှုအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့က တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်ထွန်း၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ချမ်းမြသာစည်မြို့ပေါ်ရှိ အမှတ်(၂၈)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃၀)အခြေခံပညာအထက်တန်းကျောင်းနှင့် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတို့တွင် လှည့်လည်ကြည့်ရှု၍ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည်၊ ပြန်/ဆက်)