ကျိုင်းတုံ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ အခြေခံပန်းချီပညာ လေ့လာတတ်မြောက်နိုင်စေရန်အတွက် အခမဲ့ပန်းချီသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် ကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အခြေခံပန်းချီပညာ လေ့လာတတ်မြောက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သွားများဖြစ်ရာ အခမဲ့ပန်းချီသင်တန်းကို မတ်လ ၅ ရက်မှ ၁၃ ရက်အထိ ကျွမ်းကျင်နည်းပြများဖြင့် အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)