တန့်ယန်းမြို့နယ်တွင် (၂၆) ကြိမ်မြောက် ပြည်လုံးချမ်းသာစေတီ ဗုဒ္ဓပူဇနိယ ဝင်္ကဘာပွဲတော် ဖွင့်ပွဲ ကျင်းပ

တန့်ယန်း ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ် (၂)ရပ်ကွက်ရှိ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီးအတွင်း (၂၆) ကြိမ်မြောက် ပြည်လုံးချမ်းသာစေတီတော်၏ ဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီက စေတီတော်ကြီး၏ ရှေ့မုခ်ဦး၌ ကျင်းပခဲ့သည်။

အဆိုပါ ပြည်လုံးချမ်းသာစေတီ ဗုဒ္ဓပူဇနိယ ဝင်္ကဘာပွဲတော် ဖွင့်ပွဲအခမ်းနားတွင် ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဌာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိန္တာအားအမှူးထား၍ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မက်မန်းမြို့ ပညာဒီပကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒာသီရိ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ကောလိယနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ပြည်လုံးချမ်းသာစေတီတော်ကြီးအား လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)