မြဝတီ ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက် (၉) နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ -ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး အထောက်အကူပြုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ကရင်ပြည်နယ်၊ ပညာရေးမှူး ဆရာကြီး ဦးစသိန်းကျော်၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ုကြားရေးမှူး၊ ဦးကျော်ကျော်ဦးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ဆရာမများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြဝတီမြို့အတွင်းရှိ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် ကရင်ပြည်နယ်ပညာရေးမှူး ဆရာကြီး ဦးစသိန်းကျော်တို့က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုရမည့်ဘာသာရပ်များနှင့် စပ်လျဥ်း၍ သတိပြုလိုက်နာရမည့် အချက်များနှင့် အားပေးစကားအမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြဝတီမြို့အတွင်းရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ငွေကျပ် (၁၇၈၈၀၀၀/-) တိတိကို ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေက ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က လက်ခံရယူခဲ့သည်။
ထို့နောက် မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲပြီး ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အလိုက် သင်ခန်းစာများကို ဘားအံတက္ကသိုလ်မှ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ် ပါမောက္ခများက ဆွေးနွေးပို့ချခဲ့ကြပြီး သင်ကြားရေး ဆရာ၊ ဆရာမများနှင့်လည်း အောင်ချက်မြင့်မားရေးနှင့် စပ်လျဥ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအထောက်အကူပြုဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)