မိုင်းယောင်းမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု၊ မုန်းလိုက်ကျေးရွာ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကင်းစင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး၊ အထွက်နှုန်းပန်းတိုင်ပြည့်မီရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အုတ်ကြွပ်များ အဆင့်မီထုတ်လုပ်နိုင်ရေး၊ ရော်ဘာ၊ ကော်ဖီနှင့် လက်ဖက်များ ကုန်ချောထုတ်လုပ်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း