မောက်မယ်မြို့နယ် နမ့်ယွမ်းချောင်း ချောင်းကူးကွန်ကရစ်တံတားနေရာသို့ ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဖေဖေါ်ဝါရီ ၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့သည် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက နမ့်လွတ်ကျေးရွာအုပ်စုရှိ နမ့်ယွမ်းချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများသည် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (နတလ) မှ နမ့်လွတ်ကျေးရွာအုပ်စုအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငြိမ်းချမ်းရေးတည်ဆောက်မှု အထောက်အကူပြုလုပ်ငန်းများ ရန်ပုံငွေ (ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ) ကျပ် (၆၀၄.၈၀) သန်းဖြင့် (နတလရုံးချုပ်၊ အင်ဂျင်နီယာဌာန) မှ တာဝန်ယူဆောင်ရွက်သည့် မောက်မယ်- နမ့်လွတ်-ကဒူးလေးလမ်းပေါ်ရှိ နမ့်ယွမ်းချောင်းကူးကွန်ကရစ်တံတား (၁၂၀) ပေ တည်ဆောက်ခြင်းလုပ်ငန်း (၉၅%) ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်