ကာလိ ဖေဖော်ဝါရီ ၂၂
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် ကာလိမြို့ မီးသတ်ဦးစီးဌာနမှ ကာလိမြို့ ပေါ်ရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာလိနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်များတို့က ကာလိမြို့ ရပ်ကွက် (၃) အတွင်းရှိ ကုန်စုံဆိုင်များ၊ ဆိုင်ကယ်ပြင်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် မီးသတ်ဆေးဘူးများ ပြည့်စုံလုံလောက်စွာ ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းကျော်လွန်မှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်မိန်းခုံများ ကောင်းမွန်မှု ရှိ/မရှိ တို့ကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)