ညောင်ဦးခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့်ကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်း၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ် ကော်မတီဝင်များသည် ညောင်ဦးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာမေးပွဲဖြေဆိုခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု စာမေးပွဲဖြေဆိုမည့် အခန်းများ အလင်းရောင်ကောင်းစွာရရှိရေး စီမံဆောင်ရွက်ထားရှိမှု မီးဘေးလုံခြုံရေးစီမံဆောင် ရွက်ထားရှိမှု၊ ကျောင်းကျန်းမာရေးဆေးခန်းဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ စီမံဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)