ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းများသို့ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်‌စေရေးကွင်းဆင်းစစ်‌ဆေး

ကျောက်တန်း ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌အောင်ကျော်၀င်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှ လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးသတ်ဆေးဘူးထားရှိမှုနှင့် ရေလှောင်ကန်များ ထားရှိမှုစစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုများ သွယ်တန်းထားရှိမှုများနှင့် မီးခလုတ်များ စစ်ဆေးခြင်းများကို ဆောင်ရွက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)