ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီးတွင် (၁၀၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မပူဇာသဘင်ကျင်းပမည်

ခရမ်း ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ (၁၀၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဓမ္မပူဇာသဘင် အထူးတရားပွဲကို အမှတ် (၂) ရပ်ကွက်၊ သကျမာရဇိန်သွန်းဘုရားကြီးတွင် ဖေဖော်ဝါရီ (၂၆) ရက်မှ (၂၈) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်‌ကြောင်း သိရသည်။

ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ (၁၀၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဓမ္မပူဇာ သဘင်အထူးတရားပွဲကို ဖေဖော်ဝါရီ (၂၆-၂-၂၀၂၆) ရက်‌နေ့တွင် မဟာစည်နယ်လှည့်ကမ္မဠာနာစရိယ ပဓာနနာယကဆရာတော်၊ မဟာစည်သာသနာ့ရိပ်သာ၊ ခရမ်းမြို့၊ သပြေကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယအရှင်သူမြတ်မှလည်းကောင်း၊ (၂၇-၂-၂၀၂၆) ရက်နေ့တွင် တိပိဋကဓရ တိပိဋကကောဝိဒရေဦးဆရာတော် တိပိဋကမဟာဂန္တဝင်ကျောင်းတိုက်၊ အရှေ့ဒဂုံမြို့နယ်မှ ဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်မှလည်းကောင်း၊ (၂၈-၂-၂၀၂၆) ရက်နေ့တွင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဇောတိကဓဇ၊ ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက်ကြီး၏ မဟာနာယကချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာ ဘိဝံသဆရာတော်တို့မှ တရားတော်​များကို ဟောကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)