ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ပင်စင်လစာငွေများ  ထုတ်ပေးလျက်ရှိ

ငါန်းဇွန်  ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ အတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်း   () နာရီက စတင်ကာ အငြိမ်းစား ပင်စင်စားနိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများက ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်မှ လာရောက်ထုတ်ယူကြရာ ယနေ့ မွန်းလွဲ (၂) နာရီအထိ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၂၂၂) ဦး လာရောက် ထုတ်ယူခဲ့ကြောင်း သိရသည်။ မြို့နယ်အတွင်း ပင်စင်စားဦးရေ စုစုပေါင်း(၅၉၄) ဦးရှိကြောင်းနှင့် လစဉ် (၂၁) ရက်နေ့နှင့် ရုံးဖွင့်ရက်များ (ရုံးပိတ်ရက်များမှအပ) နံနက် () နာရီမှ မွန်းလွဲ () နာရီအထိ ပင်စင်လစာများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင် (ပြန်/ဆက်)