ဒဂုံတောင် ဖေဖော်ဝါရီ ၂၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက်မဲ ပေးမှု ၅၀% အထက်ရရှိသော မဲရုံများအား ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ဆောင်ရွက်ရသော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မဲရုံပေါင်း (၁၆၇) ရုံဖြင့် ဆောင်ရွက်ခဲ့ရာ မဲရုံအလိုက်မဲပေးမှု (၅၀) %နှင့်အထက်ရှိသော မဲရုံ (၁၄) ရုံပါရှိသဖြင့် အဆိုပါမဲရုံများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အောင်မြင်စွာကျင်းပရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများအားလုံးကို အသိအမှတ်ပြုပါကြောင်း စသဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက်မဲပေးမှု ၅၀% အထက်ရရှိသော မဲရုံ (၁၄) ရုံအား ဂုဏ်ပြုလက်ဆောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ကြကြောင်း သိရသည်။
နေမျိုးအောင် (ပြန်/ဆက်)