မြစ်သား ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဖေဖော်ဝါရီလအတွက် ပင်စင်လစာငွေများကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၅ နာရီအချိန်ကစတင် ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက် ထုတ်ယူရာတွင် အခက်အခဲမရှိလွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ် ဆောင်ရွက်ပေးလျက်ရှိသည်။ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို လစဉ် ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အငြိမ်းစားများအား နံနက် ၆ နာရီမှစ၍ ထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့နောက် ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများကို မြစ်သားမြို့နယ်မေတ္တာမွန်ပရဟိတအသင်းမှ ကြက်သားဆန်ပြုတ်များဖြင့် အလှူဒါနပြုခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဝါဝါမြင့် (မြစ်သား)