မြစ်သား ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ရှိဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၇၃၆၀ နှုန်းဖြင့် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ဇာဇာအေး(မဇာ-ကုန်စုံဆိုင်-မြစ်သားမြို့)၊ ဦးအောင်စိုးမိုး(ကူမဲမြို့)၊ ဦးအောင်ဆန်းဝင်း (အောင်ကမ္ဘာဆီစက်၊ ကူမဲမြို့)၊ ဦးကိုကိုကြီး (နယူးဖန်စီဆီဆိုင်၊ ကူမဲမြို့)၊ ဒေါ်ကေသီအောင် (မြစ်သားမြို့)၊ ဦးဟိန်းသီဟဇော်(မြစ်သားမြို့)၊ ဦးရှိုင်းဝဏ္ဏ (ရှယ်လီဌေးဆီဆိုင်၊ ကူမဲမြို့) စသည့်ဆီကုန်သည် ၇ ဦးတို့က ရောင်းချပေးသည်။ မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် ဆီ ၂ ပိဿာနှုန်းဖြင့် မြို့နယ် အတွင်းရှိဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ၂၄၇၉ ဦးတို့အား စုစုပေါင်း စားအုန်းဆီ ၄၉၅၈ ပိဿာကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)