မိတ္ထီလာ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ အလည်ရွာကျေးရွာအဝင်လမ်းနှင့်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြောင်းကူးတံတား (၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။
အလည်ရွာကျေးရွာအဝင်လမ်းနှင့်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် Box Culvert (၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း လမ်းအရှည် ၁ ဒသမ ၆၀၉ ကီလိုမီတာ၊ လမ်းအကျယ် ၃ ဒသမ ၆၆ မီတာ၊ ဒု ၃၂၅ မီလီမီတာရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁ ဒသမ ၅၂ မီတာ၊ အကျယ် ၇ ဒသမ ၃၂ မီတာ၊ အမြင့် ၁ ဒသမ၂၂ မီတာရှိ မြောင်းကူးတံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၅၆၉ ဒသမ ၂၄၂သန်းဖြင့် ဇန်နဝါရီ ၃ ရက်က စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက စစ်ဆေးကာလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)