ဒဂုံတောင် ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ဒဂုံမြို့သစ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ ချပြဆွေးနွေးရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆောင်ရွက်ရာတွင် မဲရုံများနေရာချထားမှူ၊ မဲရုံနှင့်မဲဆန္ဒရှင်အရေအတွက် ပြန်လည်စိစစ်ရေး၊ ဘားနှင့် KTV များ လိုင်စင်ရရှိမှ ဖွင့်လှစ်ရေး၊ ပြည်သူ့စစ်မှုထမ်းအကြောင်းအရာများ နိုင်ငံတော်အလံများ လွှင့်ထူခြင်းအတွက် အရွယ်အစားသတ်မှတ်ချက်များ လွှင့်ထူရမည့်ရက်များ အချိန်များအတိုင်း သိရှိလိုက်နာဆောင်ရွက်ရေးနှင့် မြို့နယ်အတွင်းရှိ ဌာနများအနေဖြင့် လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အစည်းအဝေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရန်ရှိပါက တင်ပြဆောင်ရွက်ကြရန် ကူညီရန်လိုအပ်ပါက ကူညီဆောင်ရွက်ပေးနိုင်ရန်များ စသည်ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်း၊ မြို့နယ်လဝကမှူးတို့က လုပ်ငန်းဆောင်ရွက်ပေးမှုအခြေအနေများ၊ ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူဌာနဆိုင်ရာအသီးသီးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးတင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးအောင် (ပြန်/ဆက်)