ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ YADANASU Co.,Ltd (သဘာဝဓာတ်ငွေ့အရောင်းဆိုင်) တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ ဆောင်ရွက်

ဒဂုံမြောက် ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ YADANASU Co.,Ltd (သဘာဝဓာတ်ငွေ့ အရောင်းဆိုင်) သို့ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး‌ ဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်‌ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုများ မဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဓာတ်ငွေ့အ‌ရောင်းဆိုင်ဖြစ်သော YADANASU Co.,Ltd လုပ်ငန်းတာဝန်ခံ ဦးတင်ဝင်းနှင့် ဝန်ထမ်း (၂၅) ဦးတို့အား မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးတို့နှင့်အတူ ဆိုင်တာဝန်ခံ၊ ဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီး‌ဘးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်‌ ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မြင့်မြင့်ရီ