လမ်းမတော်မြို့နယ်၌ အထူးကုဆေးခန်းများနှင့် ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်၊ ဆေးဝါးရောင်းချခွင့်လက်လီလိုင်စင် (သက်တမ်းတိုး) များကို ကွင်းဆင်းစစ်ဆေး

လမ်းမတော် ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့မှ အထူးကုဆေးခန်း (သက်တမ်းတိုး) များနှင့် ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ၊ ဆေးဝါးရောင်းချခွင့်လက်လီလိုင်စင် (သက်တမ်းတိုး) များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့၀င်များမှ လမ်းမတော်မြို့နယ်အတွင်းရှိ G&G Convenience Store ဆေးဆိုင်၊ Health Point အထူးကုဆေးခန်း၊ ထက်သွားနှင့်ခံတွင်း ဆေးခန်း၊ ပုလဲအင်ယားသွားနှင့် ခံတွင်းဆေးခန်း၊ ကောင်းမြတ်အထူးကုဆေးခန်းများကို ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ၊ ဆေးဝါးရောင်းချခွင့်လက်လီလိုင်စင် (သက်တမ်းတိုး) များနှင့် အထူးကုဆေးခန်း (သက်တမ်းတိုး) လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းစနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)