ညောင်ဦး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ဖြေဆိုကြမည့်အခန်းများ အလင်းရောင် ကောင်းစွာရရှိရေးဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ် ကော်မတီဝင်များသည် ညောင်ဦးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပုဂံမြို့အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)သို့ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆို ကြမည့် စာမေးပွဲဖြေဆိုခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊စာမေးပွဲဖြေဆိုမည့် အခန်းများအလင်းရောင်ကောင်းစွာရရှိရေးစီမံဆောင်ရွက်ထားရှိမှု၊မီးဘေးလုံခြုံရေးစီမံဆောင်ရွက်ထားရှိမှု၊ကျောင်းကျန်းမာရေးဆေးခန်းဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စီမံဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း