ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် သင်းပန်းကုန်းရပ်ကွက်၌ ပြည်ကြီးတံခွန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် 191 Report application ကို ပြည်သူများအသုံးပြုရေး ကွင်းဆင်းထည့်သွင်းပေးခြင်းများကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းမှ ယမန်နေ့ နံနက် ၉ နာရီအချိန်က လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။
ယင်းနောက် (စ)ရပ်ကွက်အရန်မီးသတ်စခန်းရှိ မီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများအသင့်ရှိမှု၊ ကြံ့ခိုင်ကောင်းမွန်မှုများစစ်ဆေးခြင်းနှင့် လောကပါလ အရန်မီးသတ်စခန်းတွင် မီးသတ်ရေလှောင်ကန်အသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ၎င်းနောက် မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့နယ်၊ ချမ်းသာစံမြို့နယ်တို့တွင် တစ်အိမ်တက်ဆင်းစစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)