တိုက်ကြီးမြို့နယ်၌ (၃၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပြန့်ပွားရေး စာမေးပွဲကျင်းပ

တိုက်ကြီး ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပရိယတ္တိပြန့်ပွားရေးအဖွဲ့ အနေဖြင့် သာသနာတော်၏ မူလဘူတဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားစေရန်ရည်ရွယ်၍ ပါဠိပထမပြန်စာမေးပွဲ၏ အထောက်အကူဖြစ်သော ပရိယတ္တိပြန့်ပွားရေးစာမေး၌ပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ (၃၄) ကြိမ်မြောက် စာမေးပွဲကို မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပလျက်ရှိသည်။

တိုက်ကြီးမြို့နယ် ပရိယတ္တိပြန့်ပွားရေးအဖွဲ့ကြီးက ကြီးမှူးကျင်းပသော အဆိုပါစာမေးပွဲတွင် ပထမငယ်တန်း၊ ပထမလတ်တန်း၊ အခြေပြုမူလအငယ်တန်း၊ အခြေပြုမူလအလတ်တန်း၊ အခြေပြုမူလအကြီးတန်း၊ ဝိနယတန်းတို့မှ သံဃာတော်နှင့် သီလရှင်စုစုပေါင်း ၂၁၈ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြပြီး စာမေးပွဲဖြေဆိုနေကြသည့် ရဟန်းသံဃာများနှင့် စာမေးပွဲကြီးကြပ်သည့် ဆရာတော်သံဃာတော်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် ဇနီး ဒေါ်စန်းယုမေ မိသားစုက ဝတ္ထုငွေများနှင့် အချိုရည်၊ ရေသန့်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)