ပြင်ဦးလွင်မြို့နယ်အတွင်း Outdoor Fitness အားကစားပစ္စည်းများ တပ်ဆင်အသုံးပြု

ပြင်ဦးလွင်   ဩဂုတ်     ၅

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် လူစည်ကားရာနေရာများတွင်  ကျန်းမာရေးအတွက် အသုံးပြုရန်  Outdoor Fitness Equipment   အားကစားပစ္စည်းများကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာအောင်ခင်၏ဦးဆောင်မှုဖြင့်ဇူလိုင်မှစတင်ပြီး ပေးအပ်တပ်ဆင်ကာ ကျန်းမာရေးလှုပ်ရှားမှုများ  ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါ  Outdoor Fitness Equipment   အားကစားပစ္စည်းများကို   စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊  အပန်းဖြေနေရာများ၊ ပန်းခြံများ၊  လူစည်ကားရာနေရာများ၊ လမ်းဆုံ၊ လမ်းခွများနှင့်  လွတ်လပ်ရေး ကျောက်တိုင်ကွင်းအတွင်း၌  စနစ်တကျ တပ်ဆင်အသုံးပြုလျက်ရှိသည်။

လူသားအာလုံး ကျန်းမာကြံ့ခိုင်စေရန်အတွက် Outdoor Fitness Equipment အားကစားပစ္စည်းများကိုအသုံးပြုရာတွင် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန် ထုတ်ပြန်ထားသည့်  ကျန်းမာရေးညွှန်ကြားချက်များနှင့် ပညာပေးပိုစတာများကို  ချိန်ဆွဲပြသထားရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)