မောက်မယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအား နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

မောက်မယ် ဖေဖေါ်ဝါရီ ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူလူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်စေရန်၊ လူငယ်မျိုးဆက်သစ်အား ကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီးအရည် အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာ စေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းများကို ယနေ့နံနက် နာရီကစတင်ပြီး မြို့နယ်နမ့်ယွမ်းခန်းမနှင့် နမ့်ယွမ်းအားကစားကွင်းဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါဖွင့်လှစ်သင်ကြားပေးသည့် နွေရာသီအားကစားသင်တန်းများမှာ ဘောလုံး(ကျား/မ)၊ ဘော်လီဘော (ကျား/မ)၊ ကြက်တောင် (ကျား/မ)၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်/ Fitnessdance စသည့်သင်တန်းများ (၅) မျိုးကို သင်တန်းနည်းပြများတို့က သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ ဖေဖေါ်ဝါရီ ၁၅ရက်မှ မတ်လ ၁၅ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အားကစားဝါသနာပါသူများ မည်သူမဆိုတက်ရောက်နိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှသိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)