ကျိုင်းတုံ ဖေဖော်ဝါရီ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာ အုပ်စု၊ ပါကော်-ကယ်ဝှက် ကျေးရွာချင်းဆက် မြေလမ်း ၄/၃ မိုင် အနက် ၂/၀ မိုင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ကျိုင်းတုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၄ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့အပြင် ကျိုင်းတုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများသည် နမ့်ခတ်ကျေးရွာအုပ်စုအတွင်း လမ်းပန်းဆက်သွယ်ရေး လိုအပ်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းနှင့် တံတားအခြေအနေများနှင့် မိုင်းအင်းကျေးရွာ လျှပ်စစ်မီးရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ကွင်းဆင်းကြည့်ရှုစစ်ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)