လားရှိုး ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့မှ ဦးဆောင်၍ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစာင်များ အခမဲ့ဖြန့်ဝေခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီက လားရှိုးမြို့ မြို့တော်ခန်းမအနီး၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းခိုင်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှာ လျော့နည်းစေရန်အတွက် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်း စာစောင်များအား မြို့တော်ခန်းမရှေ့လမ်းမကြီး၌ သွားလာလျက်ရှိသော ပြည်သူများ လက်ဝယ်သို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)