ခိုလမ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ခိုလမ် ဖေဖော်ဝါရီ ၁၄

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်း မီးလောင်မှု/ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခိုလမ်မြို့၊ မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးဇင်မင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီ အရောင်းဆိုင်များ၌ မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ သက်တမ်းလွန် မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးသတ်ရေလှောင်ကန်များ၌ ရေများအရန်သင့် စုဆောင်းထားရှိမှု ရှိ/မရှိ၊ အပေါ့စား မီးငြှိမ်းသတ်စက်များ အရန်သင့်ထားရှိခြင်း ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ကန်များ၌ စက်သုံးဆီများ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချပေးနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများက စက်သုံးဆီ အရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များကို ဆက်လက်ဖြည့်တင်း ဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ပြန်/ဆက်)