မိုင်းရယ်၌ တရားမဝင် ကုန်စည်စီးဆင်းမှုမရှိစေရေး တာဝန်ရှိသူများ စစ်ဆေး

မိုင်းရယ် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ်ရဲတပ်ဖွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ မြိုနယ်ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနတို့ ပါဝင်သည့် ပူး‌ပေါင်းအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့ အဝင်ဂိတ်တွင် တရားမဝင်ကုန်စည်စီးဆင်းမှု မရှိစေရေးအတွက် မော်တော်ယာဉ်များကို စစ်ဆေးခဲ့သည်။

အဆိုပါ ပူး‌ပေါင်းအဖွဲ့က ကျေးသီးဘက်မှလာသည့် မိုင်းရယ်မြို့အထွက်ယာဉ်များ လားရှိး၊ တန့်ယန်းဘက်မှလာသည့် အဝင်ယာဉ်များကို ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ မှတ်ပုံတင်နှင့် ကုန်စည်တင်သွင်းမှုဆိုင်ရာ အထောက်အထားများ ပါရှိမှုနှင့် မှန်ကန်မှု ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ကြသည်။

မိုင်းရယ်မြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း) ထိစပ်ရာ မြိုအဖြစ်တည်ရှိနေပြီး ကုန်စည်စီးဆင်းမှု အချက်အခြာကျရာမြို့လည်း ဖြစ်လာရာ တရားမဝင်ကုန်စည် စီးဆင်းမှုမရှိ စေရေး တာဝန်ရှိသူများက အခါအားလျော်စွာ ကြပ်မတ်စစ်ဆေးလျက်ရှိသည်။

မြို့နယ် (ပြန်/ဆက်)