မိုးနဲ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာဖြေပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော် ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖြေပွဲတော်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မိုးနဲမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ မူလတန်း (၃၆) ပါး၊ မူလတန်း ပထမနှစ် (၁၀၈) ပါး၊ မူလတန်း ဒုတိယနှစ် (၉၈) ပါး၊ မူလတန်း တတိယနှစ် (၈၄)ပါး၊ အလယ်တန်း ပထမနှစ် (၇၅) ပါး၊ အလယ်တန်းဒုတိယနှစ် (၃၅) ပါး စုစုပေါင်း (၄၃၆) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး သံဃာအပါး ၂၀ တို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)