ပင်လောင်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် ပအိုဝ်းပေစတား ဘောလုံးအသင်းက နန်းထာကျေးရွာ ဘောလုံးအသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး၊ မွန်းလွဲ ၃ နာရီအချိန်က ဗိုလ်လုပွဲ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲတွင် ရုံးဝင်းရပ်ကွက် ဘောလုံးအသင်းက ပင်လောင်းဒေသ ဘောလုံး အသင်းအား ပင်နာတီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ထို့နောက် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေရာအလိုက် အကောင်းဆုံး ရရှိသည့် ကစားသမားများနှင့် ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ရရှိသည့် ဘောလုံး အသင်းများကို ဆွဲပြားဆုများ၊ ငွေသားဆုများ ပေးအပ်ကြပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ခန့်ဇော်က ပထမဆု ရရှိသည့် ရုံးဝင်းရပ်ကွက် ဘောလုံးအသင်းအား ဒိုင်းဆုပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)