တာလေ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအား ဖေဖော်ဝါရီ ၁၂ ရက်နေ့က အမှတ် (၃၁၆) ခြေမြန်တပ်ရင်း ဘောလုံးအားကစားကွင်း၌ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တုတ်ဆီးတိုး ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ အစရှိသည့်အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်ပေးခဲ့ရာ ဒေသခံပြည်သူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား တာလေမြို့တပ်နယ်မှူး၊ ဗိုလ်မှူးစိုင်းနန္ဒ၊ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးလင်းလင်းအောင်နှင့် တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)