မိုင်းခုတ် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့မွန်းလွဲပိုင်းက မိုင်းခုတ်မြို့တွင်းရှိ စျေးဆိုင်များအား မီးဘေးလုံခြုံရေးနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးခြင်းကို မိုင်းခုတ်မြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်လွင်ဇော်နှင့် အတူမိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိုင်းခုတ်မြို့စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စျေးဆိုင်များတွင် မီးသတ်ဆေးဘူးထားရှိမှု၊ မီးဘေးအန္တရာယ် ကြုံတွေ့ပါက မီးသတ်ဆေးဘူးအား အသုံးပြုနည်း၊ မီးလောင်လွယ်သည့် အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး အထူးဂရုပြုကြရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင် (ပြန်/ဆက်)