မိုင်းဆတ် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက် နံနက် ၇ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံတော်အလံအား အခမ်းအနားတက် ရောက်လာသူများက အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ခရိုင်စီမံခံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရှမ်း၊ အာခါ၊ အလားဟူတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)