ပင်းတယမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံ‌‌တော်အလံလွှင့်ထူခြင်း၊ နိုင်ငံ‌တော်အလံအ‌လေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ပင်းတယ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်အလံတင်ခြင်း အခမ်းအနားကို ပင်းတယမြို့ ကန်သာယာပန်းဥယျာဉ်ရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ယမန်နေ့ နံနက် ()နာရီခွဲအချိန်က ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံကိုလွှင့်တင်ပြီး တက်ရောက်လာကြသူများမှ အလေးပြုဦးညွှတ်ခဲ့ကြောင်း သိရသည်။

ထိုနောက် နံနက် နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကိုကျင်းပခဲ့ရာ ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အခမ်းအနားသို့ တက်ရောက်လာသူများက အလေးပြုကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံခံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူးဦးအောင်နိုင်ဦးက ဖတ်ကြားပေးခဲ့ကြောင်းသိရပြီး အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)