ဖယ်ခုံ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဖယ်ခုံမြို့တွင် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား သဝဏ်လွှာဖတ်ကြားခြင်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ၌ ဖယ်ခုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ယင်းအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)