နမ့်စန် (တ) ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင်(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ ခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ သုံးယောက်တွဲပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် Diamond အသင်းနှင့် ရွှေအိုးကြီးအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ Diamond အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ နှစ်ယောက်တွဲနှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် နေရာအလိုက် အကောင်းဆုံးဆုရအားကစားသမားများကို မိုးရိပ်ရှမ်းတောင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းနှင့်တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ နှစ်ယောက်တွဲပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသောအသင်းများ နှင့်သုံးယောက်တွဲပြိုင်ပွဲ ဒုတိယဆုနှင့် တတိယဆုရရှိသောအသင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများချီးမြှင့် ပေးခဲ့သည်။
ထိုနောက် သုံးယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော Diamond အသင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ဂုဏ်ပြုဆုငွေ၊ တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက်ဖလားကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သူရအောင် (နမ့်စန်)