မိုးနဲမြို့နယ် မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုးနဲ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းနှင့်ဝန်ထမ်းများက မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရေးပိုက်များ ကောင်း/မကောင်း၊ ရေစုကန်အတွင်း ရေသိုလှောင်ထားရှိမှုရှိ/မရှိနှင့် ‌ဈေးအတွင်း/အပြင်သန့်ရှင်းရေး အမှိုက်များစနစ်တကျစွန်ပစ်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)