ညောင်ရွှေမြို့နယ်အတွင်း စီမံကိန်းသီးနှံ နွေစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အသိပညာပေးဆွေးနွေး

ညောင်ရွှေ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ သလဲဦးကျေးရွာအုပ်စု သလဲဦးကျေးရွာ ရောင်နီဦးစိုးက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် လွယ်မောကျေးရွာ ရွှေမင်းသားလယ်ယာနှင့်အထွေထွေသမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၏ အသင်းသားပိုင်လယ်မြေများတွင် စီမံကိန်းသီးနှံ နွေစပါးစိုက်ပျိုးခြင်းပက်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသမဝါယမအသင်းဥက္ကဋ္ဌများ၏ နေအိမ်အသီးသီး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းက နွေစပါးသီနှံလျာထား ဧကပြည့်မီစေရန်အတွက် အထွက်တိုးစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးရန်၊ သမဝါယမအသင်းစု ချုပ်မှထုတ်လုပ်သည့် ဗေဒါသဘာဝမြေသြဇာများကို အသုံးပြုကြရန်နှင့် သွင်းအားစုများပံ့ပိုးပေး မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆုလာဘ်စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်ဇင်အောင်က သမဝါယမအသင်းအဆင့်ဆင့်မှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းသီနှံများ စိုက်ပျိုးခြင်းမှ ဆောင်းနေကြာ၊ နွေစပါးအထွက် တိုးအောင်မြင်စေရေး ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ မြေသြဇာ၊ ရွက်ဖျန်းအားဆေးများ အသုံးပြုခြင်းနှင့်ပက်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် အသင်းသားများ၏ ဆွေးနွေးမေးမြန်းမှုအပေါ် ပြန်လည်အကြံပြုဆွေးနွေး ဖြေကြားပေးခဲ့ကြောင် သိရှိရသည်။

စိုင်းအယ်ဘဲ