ကလော ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် ပြည်သူ့ဆေးရုံ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၉ နာရီက ကလောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံအတွက် စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သွေးလှူဒါန်းရာတွင် ကလောခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး စောဦး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ရာ သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များကို ကလောခရိုင် ပြည်သူ့ဆေးရုံ၊ ဒုခရိုင်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ် ဒေါက်တာ ဝင်းသန္တာဖြူက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)