ကျောက်မဲခရိုင်ရုံး Community Centre ၌ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူကြိုရင်သွေးငယ်များ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျောက်မဲ ဖေဖော်ဝါရီ ၁၁

(၇၉)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြယ်စင်လင်းမူကြိုကျောင်းတို့ ပူးပေါင်း၍ မူကြိုရင်သွေးငယ်များ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျောက်မဲခရိုင် Community Centre ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မူကြိုရင်သွေးငယ်များ ကာယဉာဏစွမ်းရည်ထက်မြက်စေရန် ရည်ရွယ်၍ ကာယဉာဏပြိုင်ပွဲတွင် ဆေးရောင်ခြယ်၊ အရုပ်ရောင်စုံစက္ကူကပ်၊ ဘောလုံးဇွန်းကိုက်၊ ပူစီပေါင်းဖေါက်၊ ပူစီပေါင်းသယ်၊ သား‌ရေကွင်းသယ်ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ကြယ်စင်လင်းမူကြိုမှရင်သွေးငယ်(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ရွတ်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲဝင်မူကြိုကလေးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ဂုဏ်ပြုလက်ဆောင်များ‌ချီးမြှင့်ခဲ့ပြီး အာဟာရအဖြစ်မုန့်နှင့် အချိုရည်များကျွေးမွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)