ပင်းတယ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျုံးကျေးရွာအုပ်စု၊ ပေါစံသီးကျေးရွာ ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် တံတား (၆) စင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ဦးစွာ ပထမပိုင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများမှ ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် တံတား (၆) စင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပေးပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌမှ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းကို ပေးအပ်ရာ ကျေးရွာကော်မတီတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးကာကျေးရွာသူ၊ကျေးရွာသားများ၏ကိုယ်စား ကျေးရွာကော်မတီအဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျုံးကျေးရွာအုပ်စုအတွင်းမှ ကျေးရွာသူ၊ ကျေးရွာသားများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ လုပ်ငန်းများ ပြန်လည်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယနေဖွင့်လှစ်ပေးလိုက်သည့် ကျေးရွာကုန်ထုတ်လုပ်ငန်းလမ်းအရှည် (၁/၃.၆) မိုင်နှင့် တံတား (၆) စင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေစုစုပေါင်းငွေကျပ် (၁၅၈ဒသမ၇၁၆) သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)