လွိုင်လင်မြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်လင်းကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လွိုင်လင် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ၂ဝ၂၆ ခုနှစ်၊ဖေဖော်ဝါ‌ရီလ ၇ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   ” နမ့်လင်းကျေးရွာ ကုန်ထုတ်လမ်း ”ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါ လမ်းမုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးခဲ့ကာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ခရိုင်ဦးစီးမှုး ဦးကျော် သန့်ဇင်မှ လုပ်ငန်းဆောင်ရွက်ခဲ့မူ့များအားရှင်းလင်းပြောကြားပေးခဲ့သည်။

ဆက်လက်၍ နမ့်လင်းကျေးရွာနေ ဦးစိုင်းမွန်းမှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှုး ဒေါ်တင်မင်းထိုက်မှတာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များနှင့် လုပ်ငန်းဆောင်ရွက်ခဲ့မူ့မှတ်တမ်းအား ပေးအပ်ခဲ့ကာ တက်ရောက်လာကြသူများမှလမ်း အားကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါနမ့်လင်းကျေးရွာကုန်ထုတ်လမ်းမှာအရှည် (၁/၀)မိုင်ဖြစ်ပြီး ၂၀၂၅ /၂၀၂၆ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၄၇.၅၂) သန်းဖြင့် Sun Moon Palace ကုမ္ပဏီနှင့် လူငယ်အားမာန်သစ်ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်ခဲ့ပြီး ဌာန၏ ကြီးကြပ်မှုဖြင့်(၂၅.၇.၂၀၂၅) ရက်နေ့မှစတင်ခဲ့ကာ (၃၁.၁၂.၂၀၂၅)ရက်နေ့တွင် သတ်မှတ် အရည်အသွေးပြည့်မှီအောင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး‌ဦးစီးဌာနမှ မြို့နယ်ဦးစီးမှုးထံမှ သိရှိရသည်။

အယ်မင်း (လွိုင်လင်)