မူဆယ် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာနှင့် လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအချိန်အခါသည် ခြောက်သွေ့ရာသီသို့ ရောက်ရှိလာသဖြင့် မီးသုံးစွဲသူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ မူဆယ်ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုးမှ ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မျိုး၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ဟိုမွန်ရပ်ကွက်ရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတို့သို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေးအတွက် ဟောပြောအသိပညာပေးခြင်း၊ မီးသတ်ယာဉ်များ ဝင်/ထွက်သွားလာရန် လမ်းဆောင်ရွက်ထားရှိမှု၊ မီးသတ်ရေငုတ်များနှင့် မီးသတ်ရေလှောင်ကန်များ၊ မီးဘေးလုံခြုံရေး ပစ္စည်းများ၊ အခန်းတိုင်းရှိ မီးအဝင်မိန်းခလုတ်များအား စစ်ဆေး၍လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြခြင်းများကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်