မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် လူငယ်ရေးရာကော်မတီကကြီးမှူး၍ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က “လူငယ်နှင့် အခွင့်အလမ်း”၊ ခရိုင်ဥပဒေအရာ ဦးနိုင်လင်းက “လူငယ်နှင့် ဥပဒေ”၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာရွှေက “လူငယ်နှင့် အောင်မြင်ရေး”၊ ခရိုင်တရားသူကြီး ဦးဆန်းထွန်းဦးက “လူငယ်နှင့် တရားစီရင်ရေး”၊ ခရိုင်သာသနာရေးမှူး ဦးမျိုးမင်းလတ်က “လူငယ်နှင့် ဘာသာရေး”၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်လပြည့်ဝင်းက “လူငယ်နှင့် အားကစား”၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက “လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး”ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောသည်။

ထို့နောက် သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)