ကျိုင်းတုံတက္ကသိုလ်၌ ဆဋ္ဌမအကြိမ် ဘာသာရပ်ပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

ကျိုင်းတုံ ဖေ‌ဖော်ဝါရီ ၁၁

ကျိုင်းတုံတက္ကသိုလ်၌ ဆဋ္ဌမအကြိမ် ဘာသာရပ်ပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ကျင်းပသည်။

ဦးစွာ ကျိုင်းတုံတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်က အဖွင့်အမှာစကားပြောကြားပြီး  တာဝန်ရှိသူများနှင့် အမှတ်ပေးဒိုင်များက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများ ပြောကြားသည်။

ထို့‌နောက်  ကျိုင်းတုံတက္ကသိုလ် ဆဋ္ဌမအကြိမ် ဘာသာရပ်ပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စတင်ကျင်းပရာ ဘာသာရပ်အသင်းများအလိုက် သံချပ်များ၊ အကပဒေသာများဖြင့် စည်းလုံးညီညွတ်ပျော်ရွှင်စွာ ထမနဲထိုး ယှဉ်ပြိုင်ဆင်နွဲနေမှုကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဆုရရှိသောအသင်းများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)